စာလည်းမရေးရတာ အတော်ကြာသွားလို့ စာသားတွေ မမှန်ချင်တော့ပါဘူး၊ ဒါပေမဲ့ စိတ်ထဲမှာမ တင်မကျနဲ့
ရေးချင်တာတခုရှိနေလို့ ရေးပါရစေဗျာ။ ဒီစာလေးက english လိုရေးထားပြီး လူမှူရေးသင်ခန်း စာတွေပေးတာ။ ကျွန်တော်က
သင့်လျော်သလို မတောက်တစ်ခေါက် ဘာသာပြန်ပြီး ကိုယ့်စကား ကိုယ့်ပုံပြင် လုပ်လိုက်တာပါ။
ဒါလေးကတော့ယူတတ်ရင် အကျိုးရှိယုံတင်မ ကသူများတွေကိုလဲပြောပြလို့ ရပါသေးတယ်။
တစ်ခါက အိမ်နီးချင်း ပေါင်မုန့်ဖိုပိုင်ရှင်နဲ့ ဒိန်ချဉ် ထောပတ်သည် ပိုင်ရှင်တို့ရှိကြသတဲ့။ ဒီလိုနဲ့ ဒီအိမ်နီးချင်းတွေဟာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့နေကြလေရဲ့။ ပေါင်မုန့်သည်က ထောပတ်ကို ထောပတ်သည်ဆီကဝယ် ထောပတ်သည်က
ပေါင်မုန့်သည်ဆီက ပေါင်မုန့်ဝယ်ပြီး အပေးအယူမျှကြသတဲ့။
ဒါနဲ့ နောက်အတော်ကြာလာတဲ့အခါ ပေါင်မုန့်သည်က ထောပတ်ဝယ်တာ ကြည့်လိုက်တော့ နည်းနည်းလာသလိုပဲတဲ့
ချိန်ကြည့်လိုက်တော့ အလေးချိန်သိသိသာသာ မပြည့်ဘူးဖြစ်နေတယ်။ ဒါကတစ်ခါလဲမက နှစ်ခါလဲမက ကြာလေ အလေးချိန်လျော့လာလေပဲတဲ့၊
ဒါနဲ့ စိတ်ထဲမှာ ဆိုးသလိုရှိတာနဲ့ ထောပတ်သည်ကိုခေါ်ပြောဆိုဆူပူသတဲ့ ။
ထောပတ်သည်ကလည်း မဟုတ်ရင်မခံ တတ်တဲ့ညာဉ်ရှိတော့ ရုံးရောက်ဂတ်ရောက် ရောက်ကုန်ကြပြန်ရော။
တရားသူကြီးကစစ်တော့ ပေါင်မုန့်သည်က တစ်ရားလိုဆိုတော့ ထောပတ်သည်ဆီက ထောပတ်ဝယ်တာ အလေးခိုးတဲ့
အကြောင်း တန်ရာတန်ဖိုးတော့ အပြည့်အဝယူကြောင်း စသည်ဖြင့် ပြောလေသတဲ့။
ဒီနဲ့ တရားသူကြီးက ထောပတ်သည်ကိုမေးတော့ ထောပတ်သည်က "ပေါင်မုန့်သည်ဆီက ဝယ်တဲ့ ပေါင်မုန့်နဲ့ပဲ
ထောပတ်ကို ချိန်ပြီး ပေါင်မုန့်သည်ကိုရောင်းကြောင်း ချေပတဲ့အခါ ပေါင်မုန့်သည်မှာ ပြောစရာစကားမရှိတော့ပဲနဲ့
ငိုင်ငိုင်တိုင်တိုင်နဲ့ အိမ်ပြန်သွားရရှာပါတော့တယ်။
ဒီလိုပါပဲဗျာ ကျွန်တော်တို့တစ်တွေလဲ ဒါမျိုးတွေနေ့စဉ်ရက်ဆက် ကြုံနေရတာပါ၊ ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်မဲ့အစား
သူများတစ်ကာကို လက်ညိုးထိုးချင်တာ အကျင့်လိုဖြစ်နေပြီ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ်ကတတ်နိုင်သလောက်
ပေးလိုက်ပြီး ပြန်လာမဲ့ ကျေးဇူးကိုမမျှော် သင့်ပါဘူး။
ေ လာကကြီးထဲကပုံပြင်တွေ စကားပုံတွေ အားလုံးကိုစစ်လိုက်ရင် သခင်ယေဇူးပြသွားတဲ့ ချစ်ခြင်းတရား
လမ်းစဉ်တွကို အဆိုစလောက်လေးပဲပြနိုင်တာ မဟုတ်ပါလားခင်ဗျာ။
အားလုံးပဲ ကျန်းမာရွှင်လန်းလို့ ဘုရားသခင်ပြထားတဲ့ လမ်းတော်လျှောက်နိုင်ကြပါစေ။ Deus Caritas Est
18 December, 2010
Home »
» ရောင်ပြန်တတ်သလား
ရောင်ပြန်တတ်သလား
Saturday, December 18, 2010
No comments
Related Posts:
The AntichristThe claim that the pope is the Antichrist has been part of anti-Catholic rhetoric since the Reformation, when it was needed to justify the Protestant Reformers’ desire to leave the Catholic Church. Thus the Lutheran Book of C… Read More
Are Catholics 'Antichrist'?When one group of Christians can point to another group of Christians and call them "Antichrist," a very dangerous line has been crossed. by Lorraine E. Espenhain | Source: Catholic.net "...not having a righteousness of … Read More
Christians must not fear being branded intolerant, says Pope The Pope has urged a group of his former students to stick to the principles of their faith and be led by truth. David Kerr ItalySeptember 6, 2012 Pope Benedict XVI told a group of h… Read More
Then sings my soul… Read More
Carrie Underwood - How Great Thou Art … Read More
0 comments:
Post a Comment