Lemuel The Servant

.

10 January, 2011

He Our Heavenly Father

              မိုးလေးက တစ်ဖွဲဖွဲ တစ်စိမ့်စိမ့် နဲ့ စိုစွတ်ထိုင်းမိုင်းနေတဲ့ ဒီလိုအချိန်မှာ စိတ်ထဲမှာ တွေးမိသူက ဒီပတ်ဝန်းကျင် ကိုဖန်ဆင်းရှင်ကိုပါ ထူးဆန်းပါတယ် အလွန်တစ်ရာကို ထူးဆန်းလွန်း ပါတယ်သူသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ လူသားတွေမ ရှိနိုင်ပါဘူး ဘာဆိုဘာမှ မရှိနိုင်ပါဘူး ကျွန်တော်လဲ အခုလိုတွေး နေနိုင်မှာ မဟုပ်ပါဘူး သူရှိလို့သာ ဖန်ဆင်းခဲ့လို့သာ ဒီအရာတွေကို ကြည့်ရှု ခံစားနေနိုင်တာ ပျော်မြူးနေနိုင်တာပါ
           သူသာမရှိဘူးဆိုရင် အရာအားလုံးဟာ နထ္တိဖြစ်နေမှာ အဓိပ္ပယ်မဲ့ နေမှာပဲ နော် ကြားဖူးတာက ဘုရားမ ရှိဘူးလို့ တစ်စာစာ ဟစ်နေကြတဲ့ လူတွေက လူသား မဆန်ဘူးတဲ့ ကျွန်တော်ကတော့ လုံးဝကို မှန်ပါတယ် လို့ပြောချင်ပါတယ် လူသားစစ်တဲ့လူ အားလုံးက ဘုရားသခင်ရဲ့ လက်ရာတော်ကို ကြည့်ရှူ့ ရင်းအံ့သြ မျှင်တက်မိ နေချိန်မှာ ဘုရားမရှိဘူး အလကားပါ ဘာသာရေး အကြောင်းပြပြီးရူး နေကြတာပါလို့ လူတတ်ကြီးဟန်ဆောင် ပြောနေသူတွေကို သနားမိပါတယ် သူတို့ ဘာကြောင့် ကျွန်တော်တို့လိုမျိုး အတွေအခေါ် မရှိရတာပါလိမ့်လို့လည်း အတွေးနယ်ချဲ့မိပါသေးတယ် -
         ဆာလံ သီချင်းတွေထဲမှာဆိုရင် ညဏ်ပညာအရှိဆုံးလူက ဘုရားကို သိရှိခြင်း လို့ဆိုထား ပါတယ် သိပံ္ပပညာတွေ တစ်ဖက်ကမ်းခပ် တတ်နေ ပေမဲ့လည်း ဘုရားရှိတာကို ဂရုမစိုက် မသိကျိုးကျွန် ပြုထားမယ်ဆိုရင် အရူးနဲ့သာ တူပါတော့တယ် သိပံ္ပပညာရှင် စစ်တယ်ဆိုရင် ဘုရားကိုသိပြီး ချစ်မြတ်နိုးပါတယ်တဲ့ မပြည့်တဲ့အိုးက ဘောင်ဘင်ခပ် တဲ့သဘောပါ
            ရူပဗေဒမှာ ဆရာတစ်ဆူဖြစ်တဲ့ သိပံ္ပပညာရှင် တစ်ယောက်က ဖွင့်ဟဝန်ခံ တာကြားရဖူး ပါတယ် သူ့ရဲ့ ပညာကုန် တွက်ချက်ကြည့် လိုက်တဲ့အခါ တွက်လို့မရတဲ့ အဆုံးမှာ အနတ္တကိုရောက်တဲ့ အခါ တွေးမိ လက်ခံမိသွားတာက ဒီအရာအား လုံးကို ဖန်ဆင်းရှင်ဆိုတာ ရှိကိုရှိရမယ် ဆိုတာပါပဲတဲ့ နောက်ဆုံးမ တော့ သူ လူဖြစ်ရကျိုးနပ် တာက ဒီအရာတွေကို ဖန်ဆင်းရှင်ကို သိရလို့ဖြစ်ပြီး အတိုင်းထက်အလွန် ဘာသာရေး ကြည်ညို တဲ့ သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်
              အရင်တစ်လောက နာမည်ကြီးနေတဲ့ ဗြိတိသျှ သိပံ္ပပညာရှင် ဟော့ကင် ဆိုတာကို ကျွန်တော်က သနားမိပါတယ် သူ့ရဲ့ ဘုရားသခင် တည်ရှိခြင်းကို ငြင်းဆိုတဲ့ အပေါ်မှာမူတည် ပြီး ဂရုဏာ သက်မိတာပါ သူသိတယ် တတ်တယ်ဆိုတာ အလကား လျှောက်ပြောတာ ဘုရားသခင်ပေးတဲ့ ကျေးဇူးတွေကို မငဲ့ ပါးစပ် အားမနာ လျှာမကျိုး လူတတ်ကြီး ဟန်ဆောင် နေတာကို မကြည့်ရက်ပါဘူး သူမသိတာ နားမလည်တာ ရှိသေးတယ် ဆိုတာကို သူ မတွေးမိပါဘူး ဘုရားသခင်ကို ငြင်းပယ်သောသူ ခလေး အတွေးလောက်မျှ မရင့်ကျက် သူအား ဘုရားသခင် ကောင်းကြီးပေး စေသတည်း ထာဝရ ဘုရားသခင်အား ကျေးဇူးတော်ချီးမွန်းနိုင်ကြပါစေ လို့ဆုတောင်းလျက်
                     အမြင့်ဆုံးသော ဘုရားသခင်အား ဟိုဆာနာဖြစ်စေသတည်း

0 comments: