Lemuel The Servant

.

15 January, 2011

You Are Wanted to Be the Witness of Christ, Jesus


        “ သူငယ်ချင်းရယ် မင်းနဲ့ငါနဲ့က အတူတူတွေ ဆင်မီနာရီကျောင်းသားတွေပဲ
မင်းမှာလဲ ဘုရားသခင်ရဲ့ ခေါ်သံကြားလို့သာ ဒီဆင်မီနာရီကို ရောက်နေတာ
မဟုတ်လား မင်း မှာပြန်မပြောပြနိုင်လောက်အောင်ကို ထူးဆန်း တဲ့အတွေ့အကြုံတွေရှိရဲ့ တယ်ဆိုတာငါ ယုံတယ်ကွာ ဒီအတွက် မင်း စာတစ်ကြောင်းနှစ်ကြောင်းလောက် ရေးပေးပါလား လူတွေကိုအသိပေးကူညီ ရအောင်လေကွာ ရတယ်မဟုတ်လား ဒီ ဘလော့မှာ လာဖတ်တဲ့လူတွေကို မျှရအောင်ဆို ပြီး တွန်းအားပေးပါတယ်”
           ကျွန်တော်ဒီလိုစကားတွေကို သူငယ်ချင်း ဆင်မီနာရီကျောင်းသားတွေ ကို မကြာခဏပြော ဖြစ်လေ့ရှိတယ်   ယုံမလား ဇဝေဇဝါပဲဖြစ်သွားမ လားဆိုတာ ကျွန်တော်ဝေခွဲမရပါဘူး စိတ်ထဲမှာတော့ အမျှော်လင့်ကြီးနဲ့ပါ  ဘုရားသခင် နဲ့ ကျွန်တော်တို့ထက်ပိုနီးစပ်တဲ့ လူတွေရှိပါတယ် ဒါပေမဲ့ မများပါဘူး  ဘုရားသခင်ရဲ့ စကားတွေကို နေ့တိုင်းကြားနာပြီး ပြန်မဝေမျှနိုင်တာ ကတော့ အဓိက အားနည်းချက် လို့ဆိုရပါလိမ့်မယ်
             သခင့်စကားကို ရင်မှာပိုက် ပြန်လှန် သုံးသပ်ဆင်ခြင် ပြီး ကိုယ့်ဘဝ ထဲမှာ ရောင်ပြန်ဟပ်စေသင့်တာက ပထမဆုံးလုပ်သင့်တဲ့အရာပါ သူများတကာကို အလင်းမပေးခင် ကိုယ့်စိတ်နှလုံးထဲမှာရှိ တဲ့ အမှောင်ထုကြီးကိုဖြိုခွင်းရမှာက အရင်ဆုံး စသင့်နေပြီ  ပုံစံချ ထားတဲ့ အချိန်ဇယားအတိုင်းသာ မလှုပ်မယှက် စိတ်မပါတစ်ပါ လုပ်နေမယ်ဆိုရင် ဘာအကျိုးထူးမှာလဲ
               ကြားဖူးတာက သခင်က conversion ကို နှစ်သက်တော်မူသတဲ့ မပြောင်းလဲတဲ့ လူတွေ ကယ်တင်ခြင်းကို မတွေ့ရှိနိုင်ဘူးတဲ့ ဘာတွေပြောင်းလဲရ မှာလဲ အော် စိန်သြဂတ်စတင်း ရေးသွားတာ ပထမအလိုအပ်ဆုံး အချက်က နှိမ့်ချခြင်း ဒုတိယအချက်က နှိမ့်ချခြင်း နဲ့ တတိယ အချက်ကလဲ နှိမ့်ချခြင်း ပါပဲတဲ့ နောက်ထပ် ရန္တာတစ်ပါးပြောသွားတာက
ကောင်းကင်နိုင်ငံတော်မှာ အပြစ်သားတွေ နောင်တရ သွားသူတွေ ဒုနဲ့ဒေးရှိသတဲ့
              ဒီလူတွေထဲမှာ  နိမ့်ချခြင်းမ ရှိတဲ့သူ မပါပါဘူးတဲ့ အလွန်မွန်မြတ်တဲ့ ဆုံးမစကား တွေပါ   သူပေးတဲ့ အသက်နဲ့ အသက်ရှင် သူကူညီလို့ ပျော်ပျော်ရွှင်ရွှင်နေ နိုင်တာ သူ့ကိုကျေးဇူး မတင်ရင် ရိုကျိုးစွာနဲ့ မခစားရင် ကျွန်တော်တို့တစ်တွေက ဘာသတ္တဝါတွေလဲ နော်
             ကျွန်တော်တို့ရဲ့ မဖြစ်စလောက်မာန လေး တစ်ခွဲသားနဲ့ ဘဝင်မြင့်တတ် တာက တစ်ကယ် ဟာသဆန်တယ် ပြီးတော့ကိုယ့်ကိုယ်ကို ယုံကြည်မှူမ ရှိတာကလဲ တစ်မှောင့် သခင်က ကျွန်တော်တို့ မမွေးခင် ကတည်းက စောင့်ရှောက်ပြီး စွမ်းရည်တွေ အနှိုင်းဆမဲ့ ပေးပြီးသားပါ ကျွန်တော်တို့ ထုတ်သုံးဖို့သာ လိုအပ် တာပါ ကျွန်တော်တို့ မစမ်းကြည့် အသုံးမချသေးသရွေ့ ဘာမှဖြစ်လာမှာမ ဟုတ်ပါဘူး Practice Makes Perfect! မနက်ဖြန်မှာ ပဲ သခင့်အတွက် သက်သေကောင်းဖြစ်အောင် တစ်ခုခု ကျိုးစားလုပ်ဆောင်ကြပါစို့

0 comments: