Lemuel The Servant

.

09 February, 2011

လူမျိုး


ကမ္ဘာကြီးရဲ့ အစ ပထမကာလမှာ ဖန်ဆင်းရှင် မြေပေါ်ဆင်းသက်လာပြီး သူ့နဲ့ ပုံစံတူ သက်ရှိ သတ္တဝါဖန်ဆင်းဖို့အ ကြံရသတဲ့ ဒီတော့ မြေပေါ်က မြေစေးကိုယူပြီး စိတ်ကြိုက်ဖန်တီးသတဲ့ ဒီလိုနဲ့ စိတ်တိုင်းကျ ဖြစ်တော့ အသက်သွင်းတော့မယ် ဆိုတော့ ဖန်ဆင်းရှင်ရဲ့ အကြံပေးက ပိုပြီးစိတ်တိုင်းကျ ဖြစ်အောင် စမ်းသပ်ကြည့်ဖို့ ပြောသတဲ့
         ဖန်ဆင်းရှင်က ဘယ်လို စမ်းသပ်ကြည့်သင့် သလဲလို့ မေးတော့ ဒီပုံဖော်ပြီး အရုပ် သုံးရုပ်ကို အသက်မ သွင်းခင် နားဝကနေ တုတ်သေးသေး ရှည်ရှည်လေးနဲ့ ထိုးကြည့်ဖို့ ပြောသတဲ့ ဖန်ဆင်းရှင်လဲ အကြံပေးကြီး ပြောသလို စမ်းကြည့်သတဲ့  ဘာတွေ့ရ သလဲဆိုတော့
ပထမ အရုပ်ကိုစမ်းကြည့်တော့ နားရွက်ဝက ထိုးလိုက်တဲ့ တုတ်က ပါးစပ်က နေ ထုတ်ချင်းပေါက် ထွက်လာသတဲ့
ဒုတိယ အရုပ်ကျပြန်တော့ နားဝကထိုးလိုက်တဲ့ တုတ်က ပါးစပ်က နေမထွက်ပဲ တစ်ခြားဖက် မှာရှိတဲ့ နားဝကနေ လျှောလျှောရှူရှူပဲထွက်လာသတဲ့
 တတိယ အရုပ်ကျတော့ ပါးစပ်ကလဲမထွက် နားဝက လဲ မ ထွက်ပဲ ဝမ်းဗိုက်ထဲ့ကို တုတ်က လေးက ဝင်သွားသတဲ့
ဒီလူသုံးမျိုးက တော့ အခုလက်ရှိ လူတွေ တစ်မျိုးစီကို ကိုယ်စားပြုပါတယ်
ပထမ လူမျိုးကကို ကြားရသမျှကို တစ်စွန်းတစ်စမချန် မမေးရသေးရင်လဲ ပြောပြတတ်တဲ့လူမျိုးပါ ကောင်းမှန်းသိသိ မသိသိ စကား ပြောနေရမှ ကျေနပ်နေတဲ့ လူမျိုးပါ
ဒုတိယ လူမျိုးကတော့ တန်ဖိုးမ ထားတတ် မလေ့လာတတ် အကျိုးရှိမှန်းမ သိတဲ့ လူစားမျိုးပါ အတီးအတ နဲ့ မယောင်ရာဆီလူး နေတတ်ပါတယ်
တတိယ လူမျိုးက တော့ လူတွေထဲမှာ ရှာမှရှားတယ် ပညာရှိ လူမျိုးပါ ကြားသမျှကို စဉ်းစား ချင့်ချိန် ပြီးသင်ခန်းစာ ယူ ဘဝအတွက် အသုံးချတတ်တဲ့လူစား မျိုးပါ
ဒီပုံပြင် လေးထဲမှာ ကျွန်တော်က တတိယ အမျိုးအစားထဲမှာ မပါဘူး လို့ စဉ်းစားဆင်ခြင်မိပါတယ်
အကိုတို့အမ တို့လဲ ကိုယ်ဘယ်လူမျိုး မှာပါနေသလဲ ဆိုတာ စဉ်းစားစေချင်ပါတယ်
အကြံပေးစရာများရှိမယ်ဆိုရင် နွေးထွေးစွာကြိုဆိုလျက်ပါ ဒီအီးမေး (ko.ohlay@gmail.com) or (ohlaygb@rocketmail.com) ကို သာ စာတစ်ကြောင်း နှစ်ကြောင်း သာပို့လိုက်ပါ
စိန်သြဂတ်စတင်း အကြောင်း သိချင်တယ်ဆိုရင် ကူညီပေးလို့ရကြောင်းပါ

Related Posts:

  • Not Fair 2 1024x768 Normal 0 false false false st1\:*{behavior:url(#ieooui) } /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle… Read More
  • SPIRITUAL LEPROSY SPIRITUAL LEPROSY I am for sure, many of us will not even the see the picture below.  The moment we see this picture, a type of aversion engulfs us, a feeling of uneasiness crushes our mind.  Yes, this is a sampl… Read More
  • Not Fair 1024x768 Normal 0 false false false st1\:*{behavior:url(#ieooui) } /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle… Read More
  • A DREADFUL DREAM There was a wealthy man who lived without principles. He was reluctant to offer any help to poor people. He owned a palatial house and a large estate. A cruel gate-keeper was posted to prevent the entry of beggars and oth… Read More
  • A SINKING SHIP A ship was sailing towards a port carrying a large number of passengers. The shore could be seen in the distant horizon and all on board were gladly getting ready for the end of the journey. Sudde… Read More

0 comments: