ကျွန်တော်ကြားခဲ့တဲ့ဇာတ်လမ်း လေးတစ်ပုဒ်
လူ့ဘဝတဲ့ ဆန်းကြယ်မှူတွေကြားထဲမှာ ရှင်သန်ရင်း နောက်ဆုံးတစ်နေ့မှာ ဒီ ရုပ်ဝတ္တု ကမ္ဘာလောကကြီးက နေတစ်ဖန် ခွဲခွာရအုန်း မှာမဟုတ်လား အတွေ့အကြုံတွေ သင်ခန်းစာတွေ ကို သင်ယူလေ့လာရင်းနဲ့ မရေမရာ မသေမချာ အနေမကြာပဲ ငိုသံတွေနဲ့ အတူ ဒီပုတ်သိုးလွယ်တဲ့ ခန္တာကြီးကို စွန့်ခွာရ တော့မယ်
အရင်တစ်လောက လူတစ်ယောက် မမျှော်လင့်သေးတဲ့အချိန် မှာသေခြင်းက သူ့ကို ရစ်ပတ် နှောင်တုပ်သွား လေတယ် အသက်က ငယ်ငယ် လျင်မြန် ဖြတ်လတ်တုံး လူ့လောက မှာရှိတဲ့ ပျော်စရာတွေ ကို ခံစားနေတုံးပေါ့
သူသေသွားတော့ သူလောလောလတ်လတ် သုံးခဲ့တဲ့ ပစ္စည်းလေးတွေကို သူ့အခေါင်းထဲ ထည့်ပေးလိုက်သတဲ့ဗျာ ဖြစ်လာတာက ဈာပနအပြီး သုံးရက် လောက်ကြာတော့ သူ့အမေရဲ့ Cell Phone ဆီကို Text Message တစ်ခု ရောက်လာသတဲ့ text message ထဲမှာ ရေးထားတာက HELP! တဲ့ ဘယ်နံပါတ်က နေပို့လိုက်တာလဲလို့ စစ်ကြည့်လိုက်တော့ ဆုံးသွားတဲ့ သူ့သားရဲ့ နံပါတ်ဖြစ်နေသတဲ့ ဒီဟာကို သိရတော့ ရှိသမျှလူတွေ အားလုံး လဲလှုပ်လှုပ်ရှားရှား ဖြစ်သွားကြတာပေါ့
ဒါနဲ့ ဟိုဌာနသတင်းပို့ ဒီဌာနသတင်းပို့ နဲ့ နောက်ဆုံးမတော့ မှူခင်းရဲတွေလာ ပြီး အလောင်းပြန်ဖော်ကြ တော့တာပေါ့ တွေ့ရတော့ အံ့သြစရာက အလောင်းက တော့ အဆင်းပျက်နေပြီ ဒါပေမဲ့ အလောင်းဘေးက Cell Phone လေးက battery အားကုန် ခါနီးလေးနဲ့ အလုပ်လုပ် နေသေးတာကို တွေ့ရသတဲ့ ဒါပေမဲ့ သေပြီးသားလူ ကဘယ်လိုလုပ် text message ပို့နိုင်မှာလဲ စဉ်းစားစရာပါပဲ နောက်ပြီး message အမျိုးအစား အကြောင်းအရာကလဲ “ကယ်ပါ ကူညီ”ပါဆို တဲ့ဟာမျိုး ကူညီချင်တယ် ပဲထားပါအုန်း သေပြီးလူကို ဘယ်လိုကူညီလို့ရမလဲဗျာ
မိတ်ဆွေကော ကူညီချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ကူညီမှာလဲ
သူ့မိဘဆွေမျိုးတွေကလဲ ဘယ်လို ကူညီမယ်လို့ ထင်ထားသလဲ
ဒီ တစ်ကယ့်အဖြစ်အမှန် ဇာတ်လမ်းလေးက ဘာကို ရည်ညွန်းနေသလဲ ကျွန်တော်တို့ဘာတွေ ပိုသိဖို့လိုသေးသလဲ ဘာတွေ မသိသေးတာ တွေရှိသေးသလဲ
စဉ်းစား အဖြေရှာ ကြည့်ကြပါဗျာ ရွှင်လန်း ချမ်းမြေ့ကြပါစေ
13 February, 2011
Home »
» A Story....
A Story....
Sunday, February 13, 2011
No comments
Related Posts:
Then sings my soul… Read More
How old is your church? Can you answer proudly? … Read More
The AntichristThe claim that the pope is the Antichrist has been part of anti-Catholic rhetoric since the Reformation, when it was needed to justify the Protestant Reformers’ desire to leave the Catholic Church. Thus the Lutheran Book of C… Read More
Carrie Underwood - How Great Thou Art … Read More
Are Catholics 'Antichrist'?When one group of Christians can point to another group of Christians and call them "Antichrist," a very dangerous line has been crossed. by Lorraine E. Espenhain | Source: Catholic.net "...not having a righteousness of … Read More
0 comments:
Post a Comment