Lemuel The Servant

.

27 October, 2010

စိတ်ကူးတည့်ရာ

           နက်ခင်းတခုကို ထာဝရဘုရားသခင်က လူသားတွေအတွက် ဖန်ဆင်းပေးလိုက်ပြန်ပြီ။
ကျွန်တော် အပါအဝင်ပဲပေါ့။ အရမ်းကို ဝမ်းသာမိပါတယ်။ ကျေးဇူးလဲတင်မိပါတယ်ဗျာ။
ကိုယ့်ဘေးနားမှာသူရှိနေရင်လေ ကျေးဇူးအရမ်းတင်ပါတယ် လို့ပြေးပြီး ပြောလိုက်ချင်မိလေရဲ့။
            သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဓမ္မသစ်ကျမ်းထဲမှာ ဆိုထားတာက သင်တို့ရဲ့
နှလုံးသားဟာ ငါ့ရဲ့ ဝိညာဉ်တော် မြတ်စံပယ်ရာဆိုပါလား။ တွေးကြည့်ရင် ရေးရေးလေးပေါ်လာမှာပါ။
 ကိုယ့်အနီးစပ် ဆုံးလူတယောက်က ကိုယ့်ကို အချိုသာဆုံး အပြုံးနဲ့နှုတ်ဆက်တယ်ဆိုပါတော့။
ကိုယ်ကလဲ ပြန်နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ
ဘာများရှိပါလိမ့်နော်။
         ဟောသိပြီ သူပဲကိုး။ ခရစ်တော် စေလွှတ်လိုက်တဲ့ ပုဂ္ဂိုလ်သုံးပါးတဆူဘုရား ထဲက
 ဝိညာဉ်တော်မြတ်ဘုရားလေ။ ဆန်းကြယ်မှူတွေ မရေမတွက်နိုင်အောင် ဘုန်းတော်ထင်ရှားစေဖို့
ကျွန်ုပ်တို့လူသားတွေရဲ့ နှလုံးသားထဲမှာ  တိတ်တဆိတ်နဲ့ အားအင်တစ်ခိုးတွေ နဲ့
အံ့ဩစရာတွေ ဖန်ဆင်းနေတာလေ။
           မှတ်မိစေချင်တာက ဘုရားသခင် တို့တတွေရဲ့ရင်ထဲမှာ ရှိနေတယ် ဆိုတာ နောက်ပြီး ဘုရားသခင်
တို့တတွေကို ကောင်းတာကိုပို များများလုပ်ဖို့တိုက်တွန်းနေတယ်၊
ကိုယ်ချင်းစာစိတ်ကိုအမြင့်ဆုံးထားပြီး  ဒီလူ့ဘုံကိုသားယာစေချင်တယ် ဆိုတာ ပဓာနလေဗျာ။
       ကျေးဇူးတင်လျက်။ ကြိုးစားပါအုံးမည်

1 comments:

johnmyanmar said...

သာဓု ပါဗျာ အားရမိပါတယ်