Lemuel The Servant

.

29 October, 2010

Some Precious words of St. Therese

              "I do not fear when I see my weakness, for the treasures of a mother belong to her child, and i am thy child, O dear Mother Mary."
          ဒီလို စကား ဆိုရိုးတွေကိုလူတိုင်း ကြိုက်ကြတယ်။ ဖတ်ပြီးတော့ တွေးနေတတ်ကြတယ်။ ကြည်နူးလဲ ကြည်နူးတတ်ကြပါတယ်။
မှန်တယ် လို့လဲ ဩဘာပေးတတ်ကြပါတယ် ။နောက်မှ တသီကြီးထွက်လာတဲ့ မေးခွန်းတွေကိုတော့
 နှလုံးသားနဲ့ ဖြေကြရင် ဒီလောက ဟာအရာရာမှာ သာယာလှပနေမှာ။
                                                     
            နောက်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို မေးခွန်းထုတ်သင့်တယ်။ ငါဘယ်လောက် ခရစ်တော်အပေါ် ယုံကြည်နေမိပြီလဲ။
အကယ်၍ ကြုံလာရမဲ့ အတွေ့အကြုံ တွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို တဖြည်းဖြည်းနဲ့ အကဲဖြတ်သွားမှာမလွဲပါဘူးဗျာ
နောက်ပြီး ချစ်ခြင်း မုန်းခြင်းတွေနဲ့ အလုပ်ရှုတ်နေတဲ့ ကျွန်ုပ်တို့ဟာ အင်မတန်မှကိုပဲ ရယ်ချင်စရာကောင်းပါတယ်။
           အတွေ့အကြုံအရ ဆိုရင် ခရစ်တော်ကိုယုံပါတယ် ဆိုပြီး လေကြီးမိုးကြီး ပြောနေပေမဲ့ တရားတွေအကြောင်း တရစပ်ပြောနေပေမဲ့
ခရစ်တော် ရဲ့ ချစ်ခြင်းမေတ္တာ ကိုရောင်ပြန်မဟပ်နိုင်ဘူးဆိုရင် ဘာနဲ့တူနေမှာလဲ။ အပြောနဲ့မဟုပ် လက်တွေ့လုပ်ဖို့က တို့ ကက်သလစ်
ခရစ်စတီယာန် တွေရဲ့ အဓိကကြတဲ့အရာ တွေမဟုတ်ပါလား။
           ကျွန်တော် ဘယ်တုန်းကမှ ခရစ်တော်ကိုကျေးဇူးဆပ်ဖို့ မစဉ်းစားရဲ ခဲ့ဘူး။ ကျေးဇူးဆပ်နိုင်ရအောင် ကျွန်တော်ကဘာမို့လဲ။
သူအသက်ပေးလို့လူဖြစ်လာတာ ကျေးဇူးဆပ်ဖို့ တောင်မပြောနဲ့ ကျေးဇူးသိတတ်ဖို့တောင် အနိုင်နိုင်ကျိုးစားနေရတာ။
ကျွန်တော့အမြင်မှာတော့ ကျေးဇူးသိတတ်ခြင်းဟာ ကျေးဇူးတော်တွေ နဲ့အတူကောင်းမှူလုပ်ဆောင်ပြီး ပညတ်တော်တွေနဲ့
 အတူတကွအသက်ရှင်တာ နည်းလမ်းအကျဆုံးလို့ထင်မိပါတယ်။ ကျေးဇူးတင်လျက် ခရစ်တော်၌

             Because i was little and feeble, Our Lord stooped down to me and lovingly instructed me in the secrets of his love. Therese
             
      

0 comments: