အလိုတော်လို့ပြောလိုက်ကြရင် လူတွေက အလွယ်လေးလို့ထင်ကြတယ်
ဘာကိုဆိုလိုမှန်း မသိကြပေမဲ့ အော် ဘုရားသခင်ရဲ့ ရွှေစိတ်တော်အလိုကျ လို့သာမှတ် သားထားကြတယ် လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဘုရားသခင်ရဲ့ အစီအမံတော်က ရှိပြီးသားဆိုတာ ထပ်ပြောစရာမလိုတော့ပါဘူး
ဟိုတစ်နေ့က ကင်ဆာရောဂါ နှစ်မျိုးနဲ့ ဆုံးပါးသွားတဲ့ အမျိုးသမီးက ဆိုရင် ဘာပြောမှာလဲ လွန်ခဲ့တဲ့ နှစ်ပတ်ကဆုံးသွားတဲ့ ကိုယ်ဝန်ကိုးလနဲ့ သူဆိုရင်ကော ဘာပြော ကြမလဲ သူတို့ ဆွေမျိုးတွေက အလွန်တစ်ရာဝန်းနည်း ကြတာ သံဝေဂရစရာပါ ဒီလို သေသွားတဲ့လူတွေအတွက်ကြတော့ ကျွန်တော်တို့တစ်တွေ ယူကျုံးမရ ဝမ်းနည်း တတ်ကြ လေ့ရှိတယ်နော်
“ ဒီလို ဘာကြောင့်စောစော အသက်ဆုံးကြရတာလဲ “
ကျွန်တော်တော့ မကြာခန ငြီးညူလေ့ရှိတယ်.
ဘုရားသခင်ကို ကျွန်တော်က ဘာကြောင့် စောဒကတက် မေးခွန်းထုတ်ရမလဲ
ဒီလိုစကားတွေ ပြောတာ ကျေးဇူးကန်းရာရောက်လွန်းပါတယ်
အလိုတော် လို့ဘယ်လိုပဲပြောပြော ဆူးမြင်ရဲ့သားနဲ့ တက်နင်းရင်တော့ ဆူးစူးရမှာ အသေအချာပါ ကိုယ့်အသက်ကို ကိုယ့်ညဏ်စောင့်ပါတယ် လုပ်ချင်တာလုပ်ပြီး
လူတွေ လွတ်လပ်မှူကို ရှေ့တန်းတင် လုပ်ချင်တာလုပ်ပြီး မရှူနိုင်မကယ်နိုင် ဖြစ်ကာမှ ဘုရားသခင်က ဒီလိုဖြစ်စေချင်တာလား လို့မေးခွန်းထုတ်ဖို့ မသင့်ပါဘူး လွတ်လပ်မှူက ကောင်းသလောက် တာဝန်ကြီးပါတယ် ကိုယ့်တာဝန်ကို မယူနိုင် ရင်တော့ စဉ်းစားစရာပဲ အခုန သေသွားတဲ့လူတွေက ကောဘာတွေလုပ်ခဲ့ကြသလဲ စိတ်ဝင်စားစရာပါပဲ
ပထမအမျိုးသမီးက အသက်က ၃၀ ပတ်ဝန်းကျင် ၇နှစ်အရွယ် သမီးတစ်ယောက်အမေ ကလေးက မွေးပြီးကတည်းက အဖေခေါ်စရာ မရှိတာကတော့ အမေဖြစ်သူက လူငယ်သဘာဝ အပျော်လေးကြိုက် လွတ်ကလည်းလွတ်လပ်ဆိုတော့ အရေးကြီးခါမ လက်ထပ်ပေါင်းသင်းစရာ မတွေ့နိုင်တော့ပါဘူး လက်ထပ်ဖို့မဆိုထားနဲ့ အဖေက ဘယ်သူဆိုတာကိုပဲ ပြောပြဖို့ ခဲယင်းလှပါတယ် ခလေးမလေးခမြာ သနားဖို့ ကောင်းလွန်းပါတယ် အခုရင် ကလေးမလေး မှာ အဖေကလည်း မတွေ့ဖူး တစ်ယောက် တည်းရှိတဲ့ အမေဖြစ်သူကလည်း မရှိတော့ဘူး လောကဓံက သူ့တစ်ယောက်တည်း အတွက် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဖြစ်နေပါပြီလား ဆွေမျိုးတွေဆိုလို့ အသက်ကြီးနေပြီဖြစ်တဲ့ အဖွားရယ် စိတ်မမှန်တဲ့ အန်ကယ်တစ်ယောက်ရယ် ပါပဲ ဒါတွေအားလုံးအတွက် ဘယ်သူ့ကို အပြစ်တင်ရ မလဲ အမေကိုလား အမေ့ကိုပြစ်သွားတဲ့ အမည်မသိ အဖေကိုလား ဖန်ဆင်းရှင် ဘုရားသခင် ကိုလား သဲသဲကွဲကွဲ မသိရတော့ပါလား တရားခံက လွတ်လပ်မှူကို အလွဲသုံးစားခဲ့တဲ့ သူကို အပြစ်ဖို့ရုံပါပဲ
သဘာဝလောကကြီးကိုအ ပြည့်အဝနားလည်နိုင်စွမ်းမရှိသေးဘဲ လွတ်လပ်မှူကိုအ လွဲသုံးစားရင် ထိုက်တဲ့ စီရင်ချက် တော့ရတာပဲ မဟုတ်လားဗျာ
နောက်ထပ် တစ်ယောက်ကကော ဘာတွေလုပ်ခဲ့သလဲ
သူက ဆရာဝန်မပါ ကိုယ်ဝန် က ရှစ်လကျော် မွေးဖို့က ရက်နည်းနည်းပဲ လိုတော့တာပါ သားဖွားခွင့်မယူခင် အလုပ်ကိုအရမ်း ပင်ပန်းအောင်လုပ် လိုက်မိပါတယ် တစ်ရက်ဝင်ငွေကလဲ သောက်သောက်လဲ ဝင်တာဆိုတော့ ဗိုက်ထဲက ကလေးကိုလဲ မညာနိုင်တော့ဘူး လုပ်စရာရှိတာတော့ လုပ်ရမှာပဲ အရေးထဲ အလုပ်ခွင်ထဲမှာ စိတ်ကလဲ ဖိစီးပါတယ် စိတ်ဖိစီးရင် လျှော့ဆေးက အရက်ကလေးတစ်ခွက်လောက်သောက် လိုက်ရမှ သက်သာသွားပါတယ် အမျိုးတွေထဲမှာလဲ သွေးတိုး ဆီးချိုသမားတွေက ဒုနဲ့ဒေး လူက လဲ အတော်ကိုဝပါတယ်
ညနေစောင်းလေးမှာပဲ
အား ခနဲ အသံတစ်ခုကြားလိုက်မိပါတယ် ကိုယ်ဝန်အရင်အမာကြီးနဲ့ ဆရာဝန်မ လဲကျ သွားတယ်
သတိ ပြန်မလည်လာတော့ဘူး အဆင်သင့် ဆေးရုံမှာပဲဆိုတော့ စစ်ကြည့် လိုက်တော့ သွေးတိုးနေတာက အရက်ကြောင့်ရယ် လူပင်ပန်းတာရယ် ကိုယ်ဝန်အရင် အမာဖြစ်နေတာကြောင့် ဘဝတစ်ပါးကို မမွေးဖွားသေးတဲ့ လူမမယ် ခလေးလေး ဗိုက် ထဲမှာရှိနေရက် နဲ့ ရှိနေတဲ့ သူတွေခွဲစိတ်ကု သကျွမ်းကျင်ပါတယ် တဲ့လူတွေ ဘာမှမတတ် နိုင်ကြတော့ပဲ လက်လွှတ်ဆုံးရှုံးခံလိုက်ရပါတယ် အသက်နှစ်ခုပါ တစ်ခုတည်းမဟုတ်ပါဘူး
အသုဘပြင်တော့ အခေါင်းတစ်ခုတည်းမှာ အမေနဲ့ မမွေးသေးတဲ့ သမီးလေး ကို တွေရပါတယ် ခလေး အလောင်းကိုမိခင် သားအိမ်ထဲက ခွဲထုတ်ပြီး မအေဘေးမှာ စင်းစင်းလေး လဲလျောင်းနေရှာလေရဲ့
အို အဖဘုရားသခင် ထိုသေသူတို့ကိုသနားဂရုဏာသက်တော်မူ၍ ထာဝရသူခချမ်းသာသို့ပို့ဆောင်တော်မူပါဘုရား
09 January, 2011
Home »
» LIfe?
LIfe?
Sunday, January 09, 2011
No comments
Related Posts:
A Christmas Message From Holy Father Benedict XVIVerbum caro factum est" – "The Word became flesh" (Jn 1:14). Dear brothers and sisters listening to me here in Rome and throughout the world, I joyfully proclaim the message of Christmas: God became man; he came to dwell … Read More
JESUS OUR A - Z WISH YOU ALL MERRY CHRISTMAS. A - Advocate B - Bridegroom C - Counsellor D - Doctor E - Elder Brother F - Father G - God H - Heaven I - Insence J - Joy K - King L… Read More
CELINE DION - SO THIS IS CHRISTMAS… Read More
Daily Novena Prayer Breathe in me, O Holy Spirit, that I may think what is Holy. Guide me, O Holy Spirit, that I may realize, what is Holy. Attract me to you, O Holy Spirit that I may love what is Holy Strengthen me, O Holy Spirit, that I ma… Read More
Adeste fideles - Venite Adoremus - Pavarotti1. Adeste fideles, laeti triumphantes:Venite, venite in Bethlehem:Natum videte Regem angelorum.Venite adoremus, venite adoremus,venite adoremus Dominum.2. Cantet nunc io, Chorus angelorumCantet nunc aula caelestiumGloria, glo… Read More
0 comments:
Post a Comment