Lemuel The Servant

.

29 March, 2011

သင် ဘာလုပ်မလဲ

                     မနေ့က ဖြစ်ပျက်ခဲ့ တဲ့ အရာတွေ ဒီလိုနေ့တွေနောက်ထပ်မဖြစ်ဖို့ ဘာတွေလုပ်ရမလဲ လုပ်သင့်သလဲ။ အမေးပေါင်းများစွာရင်ထဲမှာ ပြည့်လာတယ်။ သဘာဝ ဘေးရန်တွေက ဘာလိုလို့အပြစ်မဲ့တဲ့ လူတွေကို ဒုက္ခ ပေးရတာလဲ။ ကျွန်တော် စဉ်းစားတာ လုံးချာလည်လိုက်သွားတာပဲ။ တစ်ချို့လူတွေက ဒါတွေဒီလို ဖြစ်လာတာ ဘုရားသခင်ဒဏ်ခပ်တာတဲ့။တစ်ချို့လူတွေက ဘာမှမ ပြောပဲ ခပ်မဆိတ်ပဲနေ လိုက်ကြတယ်။
                        လူတွေ အိုးအိမ်တွေ ပျက်စီး။ စုဆောင်းထားတဲ့ အရာလေးတွေ အနှစ်နှစ်က ချိုးချန်ချွေတာ ထားခဲ့တဲ့ မရှိမဲ့ ရှိမဲ့ တွေမိနစ်ပိုင်းအတွင်းမှာ ဖြုတ်ခနဲ ပျောက်သွားတာပါလား။
အားလုံးကိုခြုံကြည့် လိုက်ရင် ဒီကမ္ဘာ ကြီးဟာလဲမတည်မြဲဘူးဆိုတာ အသိသာကြီးပါလား။လူတွေတီထွင်သမျှ အရာအားလုံး အခိုင်ခန့်ဆုံးလို့ထင်ရတဲ့ အရာတွေ မိနစ်ပိုင်း အတွင်းမှာ ပြာကျသွားလေရဲ့။ စိတ်မကောင်းစရာပါ။ ညဏ်ရှိပါပေ့၊ တော်လှချည့် ဆိုတဲ့လူတွေဘာမှမသိနိုင်တော့ပါလား၊ ကြိုတင်ကာကွယ်နိုင်စွမ်းမရှိတော့ပါလား။
                       ဗေဒင် နက္ခတ် ပညာရှင်တွေ ဘာသုန်းကျသေးသလဲ။ နာဆာ ဆိုတဲ့ အာကာသ စခန်းကြီးကကော ဘာလုပ်နိုင်သေးသလဲ။ ရုရှားက ကော ဘာစွမ်းသေးလဲ။ တရုပ်က ကော လက်ပိုက်ကြည့်နေသလား။ လူအချင်းချင်း ဖြက်ဆီးဖို့ လက်နက်တွေ တရစပ်ထုပ်လုပ် နေတာ ကမ္ဘာ ကြီးကိုကယ်တင်ဖို့လား။ ဝေးပါသေးတယ်။သူတစ်လူငါတစ်မင်း ကမ္ဘာ ကြီးကို အစိုးရဖို့သာ အလောတစ်ကြီးကျိုးပမ်းနေကျတာ အရမ်းအောက်တမ်းကျ လူမဆန်ပါဘူး။
                       အမေရိကန်ကလဲ ကမ္ဘာ ကြီးကိုအုပ်စိုးရမယ်ဆိုရင် ကျန်တဲ့လူတွေကို အကုန် သတ်ရမယ်ဆိုရင်လဲဝန်မလေးတတ်တာ သူ့ရဲ့ဝင်ရောက်စွက်ဖက်ရေး ပေါ်လစီကို ကြည့်ရင်သိသာပါတယ်။ ကျမ်းစာမြတ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ အနာဂတ် ကျမ်းမှာဟောထားတာ ပြည့်ဖို့ အချိန်နီးလာပြီလားလို့ စိတ်ထဲမှာ သံသယဖြစ်မိတယ်ဗျာ။  နဂါးကြီး နဲ့ စိန့်မိုက်ကယ်တို့ရဲ့ စစ်ပွဲဟာနီးကပ်လာပြီလား။ နဂါးကြီးရဲ့ခေါင်းကို ကညာစင်မေရီက နင်းချေတော့မှာလား။ ကပ်ဆိုးတွေ စိုက်၊ ငလျင် တွေတရစပ် လှုပ် လှိုင်းတွေကြီး ကမ္ဘာ ကြီးငိုကြွေးရမဲ့အချိန် ဘုရားမဲ့သူတို့ရဲ့ပူဆွေးရမဲ့ အချိန်၊ ခရစ်တော်ကို ယုံကြည်သူတို့ စမ်းသပ်ခံရမဲ့ အချိန် ရောက်တော့မှာလား?
                    ဘယ်သူတွေမှာ တာဝန်ရှိသလဲ? ကျွန်ုပ်တို့ဘာပြင်ဆင် ထားဖို့လိုနေပြီလဲ? အဖြေကတော့ရှင်းရှင်းလေးပါ။ ယုံကြည်ခြင်းခိုင်မြဲပါစေ၊ တရားတော်ကို မလွတ်တမ်း စောင့်ထိန်းပါ
ဆုတောင်းမေတ္တာ ပို့သပါ။ မျှော်လင့်ခြင်းရှိပါစေ။ ပရောဖက်အတုအရောင် တွေကိုရှောင်ပါ။ ခရင်တော်ရဲ့ စကားတော်ကို အမြဲသတိရပါ။ "ကပ်ကမ္ဘာကုန် သည့်တိုင်အောင်သင်တို့နှင့်အတူ ငါအမြဲရှိနေမည်"။ ကိုတော်၏ အလိုတော်သည်ပြည်စုံပါစေသော်။"

0 comments: